လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်

Posted by Unknown Friday, November 30, 2012 0 comments

အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက် ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာ များသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒီတာ တစ်ဦးကပြောသည်။ အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင် နေရာရထားသည့် ရုပ်သံလွှင့် ဋ္ဌာနလည်းဖြစ်သည်။ ယခင်က မိုးလုံးပြည့် မုသာဝါဒ များ၊ လေလှိုင်းပေါ်မှ လူသတ်သမားများဟု နအဖ အစိုးရက တလျှောက်လုံး ခေါ်ဆိုလာခဲ့သော်လည်း ယမန်နှစ် သြဂုတ်လတွင် ယင်းသို့ခေါ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ် အကြာ တွင် ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာန အချို့ မြန်မာနိုင်ငံတွင်း ၀င်ရောက်သတင်းယူခွင့် ရရှိလာခဲ့သည်။ ယင်းနောက်ပိုင်း တဖြည်းဖြည်းနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများ၏ ရုံးခန်းများ ပြည်တွင်းတွင် ဖွင့်လှစ်လာနိုင်ကြသည်။ ပြည်ပအခြေစိုက် မြန်မာ ရုပ်သံအစီအစဉ်တစ်ခု အနေဖြင့် ပြည်တွင်းမှ ထပ်ဆင့် ထုတ်လွှင့်ခြင်းမှာမူ ယခု ဗွီအိုအေရုပ်သံအစီအစဉ် သည် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။ ။

 
Myanmar Express

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page