Slim Stick Type Bluetooth Headset
Wednesday, November 7, 2012
0
comments
Samsung အမှတ်တံဆိပ် HM 5000 မော်ဒယ် Slim Stick Type Bluetooth Headset
တစ်မျိုး ဝင်ရောက်လာပါတယ်။ ဘောပင်ပုံစံ ဖြစ်တဲ့အတွက် အသုံးမပြုဘဲ
ထားမယ်ဆိုရင် အင်္ကျီရင်ဘတ်၊ အိတ်ကပ် စတာတွေမှာ ချိတ်ထားနိုင်ပါတယ်။
နားနဲ့ချိတ်ဆက်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ Bluetooth Headset မှာ အသံ
အတိုးအချဲ့ခလုတ် Speaker နဲ့ MIC စတာတွေ ပါဝင်ပါတယ်။ စမတ်ကျတဲ့ဒီဇိုင်း
ဖြစ်တဲ့အတွက်ကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြမှာ ဖြစ်ပါတယ်။
Rechargeable Battery အမျိုးအစား ဖြစ်တဲ့အတွက် အားကုန်သွားရင် USB ပို့ကနေ
ချိတ်ဆက်ကာ အားပြန်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့
၂၁၀၀၀ ကျပ်ဖြစ်ပြီး AGK ဖုန်း- ၂၄၆၆၆၉ သို့ ဆက်သွယ်စုံစမ်း
ဝယ်ယူအသုံးပြုနိုင်ပါတယ်။
(အေးဖြူ)
(အေးဖြူ)


0 comments:
Post a Comment