လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

USB Modem

Posted by Unknown Tuesday, November 6, 2012 0 comments

ပြည်တွင်း နည်းပညာ ဈေးကွက်ထဲကို Sentar အမျိုးအစား USB Modem တွေ ဝင်ရောက်လာပါတယ်။  GSM အတွက် မော်ဒယ် ST-986 U နဲ့ CDMA အတွက် ST 812 တို့ဖြစ်ပါတယ်။ GSM အတွက် Data Transfer Rate 7.2 Mbps ရှိပြီး HSPA/UMTS နဲ့ EDGE, GPRS စနစ်တွေမှာ သုံးနိုင်ပါတယ်။ Data အပြင် GSM စနစ်ပါ သုံးနိုင်ပါတယ်။ Micro SD Card Slot လည်း ပါဝင်ပါတယ်။ Built in Antenna ပါဝင်ပြီး Plug & Play ဖြစ်ပါတယ်။ တန်ဖိုးက ကျပ်နှစ်သောင်းခုနှစ်ထောင့်ရှစ်ရာ ဖြစ်ပါတယ်။ CDMA အတွက် မော်ဒယ် ST 812 ကတော့ EVDO/CDMA 1x စနစ်မှာ သုံးနိုင်ပါတယ်။ CDMA 800 MHz အတွက်ပဲ သုံးနိုင်မှာဖြစ်ပါတယ်။ Transfer ကို 3.1 Mbps ကနေ 230.4 kbps အထိ သုံးနိုင်ပါတယ်။ Firmwire ကိုလည်း Upgrade လုပ်နိုင်ပါတယ်။ တန်ဖိုးက ကျပ်တစ်သောင်း ကိုးထောင့် ရှစ်ရာ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးရဲ့ အားသာချက်ကတော့ Android စနစ်မှာပါ သုံးနိုင်တဲ့အတွက် Tablet တွေမှာ အဆင်ပြေစေပါတယ်။

(အောင်အောင်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page