လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူ အဆင့်အဖြစ် ကုလသမဂ္ဂက လက်ခံလိုက်

Posted by Unknown Sunday, December 2, 2012 0 comments

ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူ အဆင့်အဖြစ် တည်ရှိမယ့် အနေအထားဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံက တစ်ခဲနက် အတည်ပြု ထောက်ခံလိုက်ကြောင်း နိုဝင်ဘာလ ၃၀ ရက် သော ကြာနေ့က အယ်ဂျာဇီးယားသတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီလို သတ်မှတ်လိုက်ခြင်းဟာ ပါလက်စတိုင်း တို့ကို နိုင်ငံတစ်ခုအဖြစ် တရားဝင် သတ်မှတ်လာနိုင်ဖို့ သဘော သက်ရောက် လာတော့မယ့် သင်္ကေတ တစ်ခုဖြစ်ကြောင်း ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးနေ့က နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မဲခွဲဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်ပြီး ကန့်ကွက်မဲပေးခဲ့ကြတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထဲမှ အစ္စရေးနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု တို့အတွက် နိုင်ငံရေးအရ ရှုံးနိမ့်မှုတစ်ခု ဖြစ်ကြောင်း အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြ ထားပြန်ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၃၈ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ၄၁ နိုင်ငံကတော့ မဲမပေးဘဲ နေခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page