လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

လူမဆန်တဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တဲ့လူတွေကို အစိုးရအရေးမယူဘူးဆိုရင် DKBA လည်းပါဝင်လာနိုင်

Posted by Unknown Sunday, December 2, 2012 0 comments
  
 
သံဃာတော်တွေကို အကြမ်းဖက် ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA က ကန့်ကွက်လိုက်သည်။ နိုဝင်ဘာလ ၂၉ ရက်နေ့  မုံရွာခရိုင် လက်ပန်းတောင်း တောင်ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ခဲ့ကြတဲ့ သံ ဃာတော်တွေကို အစိုးရ တာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ် ဗျူ ဟာ မှူး ဗိုလ်မှူးကြီး ဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ ဖြေရှင်း ပုံဟာ လူ မဆန် တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် က RFA ကို ပြောကြားခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် အရေးအခင်းတုန်းက မိမိတို့ လက်ပိုက် ကြည့်နေခဲ့ရပေမဲ့၊ ၂ဝ၁၂ လက်ပန်းတောင်း တောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေး မယူဘူးဆိုရင် ငြိမ်းချမ်းရေး ကိစ္စကိုပါ ထိခိုက် လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီး ဆန်းအောင်က ပြော ပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေ အနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူး လို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီး ဆန်းအောင်က ပြောကြားခဲ့ပါတယ်။
 
RFA

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page