လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဆေးဖက်လည်းဝင် ကြောက်စရာလည်းကောင်းတဲ့ ဗန်ပိုင်းယား လင်းနို့ (သွေးစုပ်ဖုတ်ကောင် လင်းနို့)

Posted by Unknown Sunday, December 2, 2012 0 comments

Vampire Bat လို့ အမည်ရတဲ့ လင်းနို့ သွေးသွေးစုပ် ဖုတ်ကောင် များကို များသောအားဖြင့် တောင် အမေရိကတိုက်က နိုင်ငံများမှာ မြင်တွေ့ နိုင်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ညွန်းညွန်းနေ တဲ့ သွေးစုပ် ဖုတ်ကောင် လင်းနို့တွေ လည်းသူတို့ပဲ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင် (Vampire) နဲ့ ပက်သက်တဲ့ အချက် အလက်များကို ရှာဖွေ၊ လေ့လာရင် Vampire Bat လည်း ပါဝင်ပါတယ်။ သူဟာလည်း Vampire သက်ရှိ သတ္တဝါမျိုးနွယ်စုထဲမှာ စာရင်းဝင် သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း သွေးဟာ သူတို့ရဲ့ အဓိက အစာ ဖြစ်ပါတယ်။ ၂ ရက် တိတိ သွေးမသောက်ရရင် သေပါတယ်။ ဒါကြောင့် ၂ ရက်လုံးလုံး သွေးရှာ မရရင် အချင်းချင်း ပြန်ကိုက် စုပ်ကြပါတယ်။ သေလောက်အောင် မစုပ်ပဲ တစ်ကောင်နဲ့ တစ်ကောင် အသက်ရှင်အောင် အစာမျှဝေတဲ့ သဘော ဖြစ်ပါတယ်။ သာမန် လင်းနို့များထက် ထူးခြားတဲ့ အသွင် သဏ္ဍာန် ရှိပြီး ပိုလည်း အားကြီးပါတယ်။ တောင်ပံအားနဲ့ ကောင်းကောင်း ပြန်နိုင်သလို၊ မြေပြင်မှာလည်း တစ်နာရီ ၅ မိုင်နီးပါး လမ်း အမြန် ပြေးနိုင်ပါတယ်။ နေရောင် လုံးဝ မထိရဲ ကြပါဘူး။ မှောင်မိုက်တဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ပြီး တွင်းပျက်၊ လိုဏ်ဂူ တို့လို အလင်းရောင် မရှိသလောက် နည်းတဲ့ နေရာတွေ မှာ နေထိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်ရှိ အခြား သတ္တဝါ များနဲ့ မတူတဲ့ အကျင့် တစ်ခု ရှိပါသေးတယ်။ ဒါကတော့ မိခင် မရှိတော့တဲ့ လင်းနို့ သားငယ်ကို မွေးစား စောင့်ရှောက်ပေးတတ်တဲ့ အကျင့် ဖြစ်ပါ တယ်။ သွေးနွေး သတ္တဝါအားလုံးဟာ သူတို့ရဲ့ အစာ အဟာရပဲ ဖြစ်ပါတယ်။ သွေးနွေး သတ္တဝါရဲ့  Body တစ်ခုလုံးက သွေးစုပ်လို့ အကောင်းဆုံး အပိုင်းကို ရောင်ခြည် တစ်မျိုး ထုတ်လွတ်ပြီး ထောက်လှမ်းပါတယ်။ အမဲလိုက်ရာမှာ ဝက်၊ ခွေး၊ မြင်း တို့လို တိရစ္ဆာန်တွေကို Target ထားတာ များပေမယ့် လူသွေး စုပ်ရန် ကြိုးပမ်းမှုများလည်း ပြုလုပ်လေ့ ရှိပါတယ်။ ဒါကြောင့် လူတို့အတွက် သတိထားရမယ့် တိရစ္ဆာန် စာရင်းထဲ ထည့် ထားပါတယ်။ ရှေးအယုံအကြည် အရတော့ ယင်း လင်းနို့ အကိုက်ခံရသူဟာ သွေးစုပ် ဖုတ် ကောင် ဖြစ်လာတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ယခု မော်ဒန် ခေတ်မှာတော့ ယင်းကဲ့သို့ အယုံအကြည် နည်းလာပါတယ်။ သို့ပေမယ့် ဆေးပညာရ ကောင်းကျိုးပေးနေတာ တစ်ခု ရှိပါသေးတယ်။ ယင်း သွေးစုပ်ဖုတ်ကောင် လင်းနို့ ရဲ့ သွေးဟာ နှလုံးသွေး လည်ပတ်မှု အားကို ကောင်းစေပြီး နှလုံးနဲ့ ပက်သက်တဲ့ ရောဂါရှိသူများ အတွက် အသုံးဝင်တယ်လို့ လေ့လာတွေ့ရှိ ထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page