လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

တောင်ကိုရီးယား နိုင်ငံ၌ ၂ဝ၃၂ ခုနှစ် အတွင်း အလုပ်သမားဦးရေ တစ်သန်းခန့် လျော့ကျသွားဖွယ်ရှိ

Posted by Unknown Sunday, December 2, 2012 0 comments


တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် အသက်အရွယ် ကြီးရင့်သူ လူဦးရေများ ပြားလာမှုကြောင့် နောက် ထပ်နှစ်ပေါင်း ၂ဝ ကျော်အတွင်း အလုပ်လုပ်နိုင်သည့် လူဦးရေ တစ်သန်းခန့်လျော့ကျ သွားနိုင်ပါသည်။ ဆိုးလ်မြို့အုပ်ချုပ်ရေး မှူးရုံး၏ ထုတ်ပြန်သော စာရင်းများ အရအလုပ်လုပ် နိုင်သော လူဦးရေသည် လက်ရှိ အခြေအနေအရ ၇ ဒသမ ၄၆ သန်းရှိခဲ့ရာမှ ၂ဝ၃၂ ခုနှစ်အတွင်း ၆ ဒသမ ၅၆ သန်း အထိ လျော့ကျသွား မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်ကျော် ပြည်သူများသည်လည်း ၁ ဒသမ ဝ၃ သန်းမှ ၂ ဒသမ ၆ သန်းအထိ နှစ်ဆကျော် တိုးမြှင့်သွားမည်ဖြစ် သည်။ တောင်ကိုရီးယားနိုင်ငံတွင် မိသားစုစီမံ ကိန်းများ ချမှတ်ဆောင်ရွက် ခဲ့သော်လည်း အသက်အရွယ်ကြီးသူများ တိုးပွားလျက်ရှိရာ ၎င်းတို့အား အငြိမ်း စားလစာပေးချေမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို ထိန်းထားရန် အလုပ်သမား အရေအတွက် နည်းပါးမှု အခက်အခဲများက ခြိမ်းခြောက် လျက်ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page