လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဂျေဆင်မရက်ဇ်ပွဲ အခမဲ့လက်မှတ်များ ဒီဇင်ဘာ ၆ ရက်တွင် စတင်ထုတ်ယူနိုင်

Posted by Unknown Sunday, December 2, 2012 0 comments
Photo

လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အစည်း MTV EXIT ၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် မြို့ ပြည်သူ့ဥယျာဉ်၌ ပြုလုပ်မည့် ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် ဂျေဆင်မရက်ဇ်၏ ဂီတဖျော်ဖြေ ပွဲ အခမဲ့ လက်မှတ်များကို ဒီဇင်ဘာ ပထမပတ် အတွင်း စတင် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်များကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အတွင်း နေ့လည် ၃ နာရီမှ ည ၈ နာရီအထိ Junction Square၊ မြေနီကုန်းနှင့် တရုတ်တန်းတို့တွင်ရှိသော CITY MART စတိုးဆိုင်များ၌ ထုတ်ယူနိုင်ကြောင်း MTV EXIT Live in Myanmar ၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက My Asia Ticket၊ ဖုန်းနံပါတ် ၁၈၇၂ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက် ဖျော်ဖြေပွဲနေ့တွင် ဂျေဆင်မရက်(ဇ်) အပြင် MTV EXIT ၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များဖြစ်သော R ဇာနည်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီးတို့လည်း ပါဝင်မည်ဖြစ်သည်။ လူကုန်ကူးမှုများ အကြောင်းကို တေးရေးမြင့်မိုးအောင် ရေးစပ်ထားသော "ဘဝရဲ့ ထောင်ချောက်များ" သီချင်းကို R ဇာနည်က အဆိုပါ ပွဲနေ့တွင် သီဆိုမည်ဖြစ်သည်။ ဂျေဆင်မရက်(ဇ်) သည် ဂရမ်မီဆု နှစ်ဆုရရှိထားပြီး We Sing, We Dance, We Stealthings ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သော အယ်လ်ဘမ်ဖြင့် သူ၏ I'm Yours သီချင်းသည် ကမ္ဘာကျော် သီချင်းတစ်ပုဒ်ဖြစ်ပြီး Lucky, I Won't Give up သီချင်းများမှာလည်း လူကြိုက်များပြီး ကမ္ဘာအနှံ့ အသိ အမှတ်ပြုခံရသည့် အနုပညာရှင်ဖြစ်သည်။ ၎င်းသည် ကယ်လီဖိုးနီးယား တွင်နေထိုင်ကာ အဆိုတော်တစ်ဦး ဖြစ်သည့်အပြင် တေးရေး ဆရာတစ်ဦးလည်း ဖြစ်သည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page