လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဆီးရီးယားအတိုက်အခံကို နိုင်ငံတကာ အသိအမှတ်ပြုအစိုးရအဖြစ် ပုံဖော်နိုင်ရေး ဆွေးနွေးပွဲပြုလုပ်

Posted by Unknown Thursday, November 15, 2012 0 comments

ပြည်ပတွင် အခြေစိုက် သည့် ဆီးရီးယား အတိုက်အခံ ဖြစ်သော ဆီးရီးယား အမျိုးသားကောင်စီ (SNC) သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ နိုဝင်ဘာလ ၉ ရက်မှ စတင်ပြီး လေးရက်ကြာ ဆွေးနွေးပွဲပြုလုပ် ခဲ့ကာ နိုင်ငံတကာ အသိအမှတ်ပြု   ပြည်ပ အခြေစိုက် အစိုးရ   ဖြစ်ပေါ်လာနိုင်ရေး အတွက်  ပြန်လည်ဖွဲ့စည်း ရန်   ဆွေးနွေး မည်ဖြစ်သည်။ SNC သည် စစ်မြေပြင် တွင် တိုက်ခိုက် နေရသော အတိုက်အခံ များကို ကိုယ်စား မပြုဘဲ ခေါင်းဆောင်ပိုင်း မှာလည်း ထင်သာ မြင်သာမှု မရှိသည်မှာ ကြာပြီဖြစ်ကြောင်း အမေရိ ကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ဝေဖန်ခဲ့သည်။ SNC ကို အသွင်ပြောင်း ဖွဲ့စည်းမည် ဆိုပါက ကာလရှည်ကြာ အစိုးရ အတိုက် အခံဖြစ်ခဲ့သူ Riad Seif သည် ယင်းပြည်ပ အခြေစိုက် အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာနိုင်ခြေ ရှိကြောင်း သတင်းထွက်ခဲ့သည်။ Seif နှင့် အခြား အတိုက် အခံခေါင်းဆောင် နှစ် ဒါဇင်ခန့်သည် နိုဝင်ဘာလ ၁ ရက်နေ့က ဂျော်ဒန်နိုင်ငံ၊ အမ္မန်မြို့တွင် ဆွေးနွေးခဲ့ ကြသည်။ အသွင်ပြောင်းမည့် အတိုက်အခံ အဖွဲ့သည် ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည့် လမ်းစဉ်လိုက်ရန် ဆန္ဒရှိနေသည် ဟူသော စိုးရိမ်မှုများကို ချေဖျက်ရန် အမ္မန်ဆွေးနွေးပွဲ တွင် ကြိုးပမ်းခဲ့ကြသည်။ အာဆတ်နှင့် သူ၏ အပေါင်းအပါများ အာဏာ စွန့်လွှတ်ရေးမှာ မည်သည့်ဆွေးနွေးပွဲ တွင်မဆို ညှိနှိုင်းစေ့စပ်နေရမည့် ကိစ္စ မဟုတ်ကြောင်း ဆွေးနွေးပွဲ တက်သူများက အစီရင် ခံစာ ထုတ်ပြန်ခဲ့သည်။ SNC အသွင်ပြောင်း ဖွဲ့စည်းမည် ဆိုပါက လက်ရှိအဖွဲ့အမှုဆောင် ၁၄ ဦး၊ ကာ့ဒ် အမျိုးသားကောင်စီ (KNC) အဖွဲ့ဝင်သုံးဦး၊ မြေပြင် လှုပ်ရှားမှုနှင့် လက်တွေ့ တိုက်ခိုက်နေရသူများ ကို ကိုယ်စားပြုသူများ၊ အတိုက်အ ခံဟောင်းများ၊ ဘာသာရေး ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သြဂုတ်လတွင် အတိုက်အခံ ဘက်သို့ ဘက်ပြောင်း ခဲ့သော ၀န်ကြီးချုပ်ဟောင်း Raid Haijab ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Mohammed al-Otri ပြောကြားခဲ့သည်။ ယင်း အဖွဲ့သစ်ကို ယခင် SNC နေရာတွင် အစားထိုး၊ မထိုးကိုလည်း ဆွေးနွေးနေသည်။ ဆီးရီးယားတွင် ၂၀၁၁ ခုနှစ်၊ မတ်လက လူထုတော်လှန်ရေး စတင်ဖြစ်ပွားခဲ့ပြီး ခြောက်လ အကြာ၌ SNC ကို စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အတိုက်အခံများ အကြား ကွဲပြဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံအဖွဲ့အချို့ က ဆီးရီးယား အရေးတွင် ပြည်ပမှ ၀င်ရောက် စွက်ဖက် မည့်အရေးနှင့် အာဆတ်အစိုးရကို အကြမ်းဖက်နည်း ဖြင့် ဖြုတ်ချမည့် အရေးတို့အား ပြင်းပြင်းထန်ထန် ဆန့်ကျင် ခဲ့ကြသည်။ ဆီးရီးယားနိုင်ငံရေး ပဋိပက္ခကြောင့် ယခုအချိန် အထိ သေဆုံးသူ ၃၆၀၀၀ ကျော် ရှိလာပြီဖြစ် သည်ဟု Syrian Observatory for Human Rights က ထုတ်ပြန် ခဲ့သည်။

Eleven

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page