လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွက် လေယာဉ်များရောက်ရှိ

Posted by Unknown Thursday, November 15, 2012 0 comments


အမေရိကန်သမ္မတ အိုဘားမား ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အသုံးပြုမည့် အထောက် အကူပြု ပစ္စည်းများ ကြိုတင်ပေး ပို့ရန် အမေရိကန်လေ တပ်မှ စစ်လေယာဉ် များသည် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင် ကာ မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိလာကြောင်း သတင်း ရရှိပါသည်။ အဆိုပါလေယာဉ် များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေ တပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက် အထိ  ရှိခဲ့သည်ဟု သိရသည်။ အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှု များပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့ တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည် တင်လေယာဉ် တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် C17 လေယာဉ် ၃ စီးတို့သည် ရန်ကုန် အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိ လာခဲ့ ကြောင်း သိရသည်။ ''ခုရောက်လာတဲ့ အမေရိကန်လေ တပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ် တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင် ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာ တာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး က ပြောပါသည်။ ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များ တွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟု လည်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page