လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Google Wallet အား Mobile Smart Payment စနစ် ဖြစ်လာရန် လိုအပ်ချက်များ

Posted by Unknown Wednesday, November 14, 2012 0 comments


Google Wallet  အဆင်သင့်ဖြစ်ပြီး အသုံးပြုနေတာ ကြာပြီ။ အသုံးပြုသူ နည်းပါးပြီး နှောင့်နှေးမှုများ ရှိနေပါသည်။ Google Wallet အသုံးပြုသူများသည်  CitiBank, MasterCard, Android Nexus နှင့် NFC နည်းပညာကိုသာ အသုံးပြုပြီး Mobile Payment ကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ Google Wallet ကို အကောင်အထည်ဖော်ရာတွင် များစွာသော ကန့်သတ်မှုများ ရှိသဖြင့် Mobile အသုံးပြုသူများသည် Mobile Wallet ကို အသုံးပြုမှု နည်းပါးသေးကြောင်း တွေ့ရှိရသည်။ Google Wallet ကို စောင့်ကြည့်နေသူ တစ်ဦးသည်  Verizon Galaxy Nexus device ကို အသုံးပြုပြီး ခိုးယူမှုများ ပြုလုပ်ခဲ့သည်။ ထိုပိုက်ဆံများကို ခရစ္စမတ်အတွက် အသုံးပြုခဲ့ပါသည်။ ထို Hacker သည် Google Wallet သည်  Dump-pipe porocessing system ပေါ်တွင် အလုပ်လုပ်နေကြောင်း တွေ့ရှိပြီး ခိုးယူခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

ကောင်းမွန် အဆင်ပြေစေသော Payment  ဆောင်ရွက်မှု နည်းလမ်းများ
Google Wallet သည် အလျင်အမြန် တိုးတက်ကောင်းမွန်အောင် နည်းလမ်းများစွာ ဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ Google Wallet ကို mid-Atlantic states  ပြည်နယ်များတွင် စမ်းသပ်ကြည့်ရာ ကုန်သည်များသည် Master Card ၏ PayPass terminal များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Smart Phone အသုံးပြုသူများသည် Mobile Wallet များကို အသုံးပြုမည်ဆိုပါက NFC ကို အသုံးပြုပြီး ပစ္စည်းများဝယ်ယူခြင်းမှာ ခရီးသိပ်မရောက် ဖြစ်လာပါသည်။ ခရီးသွားရင် Mobile Wallet ကို အသုံးပြုခြင်းဖြင့် လမ်းဘေးဆိုင်များတွင် လွယ်ကူစွာ ဈေးဝယ်ယူနိုင်မည် ဖြစ်သည်။ ကျသင့်ငွေများကို Mobile Phone ဖြင့်သာ ပေးချေနိုင်ခြင်းသည် ပစ္စည်းများကို စိတ်ကြိုက်ဝယ်နိုင်မည့် အားသာ ချက်တစ်ခု ဖြစ်စေပါသည်။ ငွေရေးကြေးရေး အသွင်းအထုတ်လုပ်ငန်းများကို အခက်အခဲ မရှိ ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။ ဝန်ထမ်းများကို NFC payment သည် မည်သို့ ဆောင်ရွက်သည်ကို သင်ကြားရန် မလိုအပ်သည့်အပြင် Mobile Payment ကို PayPass terminal များကသာ အလွယ်တကူ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ NFC payment ဆောင်ရွက်မှုတွင် ငွေကြေး ပိုက်ဆံများသည် Point တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းသွားပါသည်။ လက်တွေ့တွင် ငွေအထုတ် အသွင်း ပြုလုပ်ရန် မလိုအပ်ပါ။ NFC PayPass terminal များက အသုံးပြုခြင်းသည် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကို ထုတ်သုံးပုံနှင့် တူညီသောကြောင့် Smart Phone အသုံးပြုငွေ ပေးချေမှုများစွာ ဆောင်ရွက်မှု သိပ်တွင်ကျယ်မှု မရှိသေးပါ။

အားကိုးအားထားပြုနိုင်လောက်သော Payment စနစ်ဖြစ်ရန် ဆောင်ရွက်ချက်များ
Mobile payment ကို အသုံးပြုမည်ဆိုပါက သေချာစွာ စစ်ဆေးမှုများသည် ပိုမိုလိုအပ်ပါမည်။ ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချသော Deal များ၊ discount များ၊ ကမ်းလှမ်းမှု offer များ၊ Streamlined digital receipt များ၊ Location-based coupon များ၊ Loyalty reward များနှင့် တခြားသော ဝန်ဆောင်မှုများသည် Modern smart phone များကို အသုံးပြုခြင်းဖြင့် Mobile payment ကြောင့် ဖြစ်လာသော ဈေးလျှော့ချမှုများ ဖြစ်ပါသည်။ အဓိကကျသော အချက်မှာ Google Wallet မှ NFC payment သည် MasterCard က PayPass machine တွင်သာ ဆောင်ရွက်နိုင်ပြီး လွန်ခဲ့သော ငါးနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ငွေကြေးအထုတ်အသွင်း ပြုလုပ်ခြင်းဖြစ်သဖြင့် အချိန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ Mobile wallet နှင့် အတူရရှိလာသော အချက်တစ်ခုမှာ အပိုပေးသော ဝန်ဆောင်မှုများ ဖြစ်သည်။ Google on "Smart payments" ဟု ကြေညာချက်တစ်ခုကို သတ်မှတ်ကာ သာမန်အသုံးပြုနေသော PayPass terminal များကို အဆင့်မြှင့်တင်နိုင်ရန် ဆောင် ရွက်နေပါသည်။ MasterCard ကိုအသုံးပြုနေသော Mobile payments လုပ်ငန်းတွင် ပြဿနာများစွာ ရှိနေပါသည်။ Google အသုံးပြုနေသော PayPass terminal များသည် Coupon များ၊ Discount များနှင့် Offer များကို စီမံဆောင်ရွက်နိုင်ရန် Firmware သို့ အဆင့်မြင့်ရန် လိုပါသည်။ PayPass terminal များ အသစ်များစွာ တည်ဆောက် အဆင့်မြှင့်တင်ရန် လိုပါသည်။ မြို့နှင့် အလှမ်းဝေးသော Gas station တွင် ငွေပေးချေမှု PayPass Terminal များကို တပ်ဆင်ထားမှသာ Mobile payment ကို ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။ သို့မှသာ MasterCard၊ Google၊ Citi နှင့် NFC Provider များသည် ထို PayPass Terminal  များကို အသုံးပြုကြမည်ဖြစ်သည်။ ထို Terminal များကို Point-of-sale ကို အဆင့်မြင့်ခြင်းသာ ဖြစ်သည်။
Mobile payment ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်အောင် ဆောင်ရွက်မှုများတွင် ပြဿနာများစွာ ရှိနေပါသည်။ မြို့ပြဒေသများတွင် Mobile payment အသုံးပြုခြင်းသည် ပြဿနာမရှိပါ။ ယခင် POS terminal များသည်  Mobile payment ကိုပါ လက်ခံဆောင်ရွက် လာနိုင်မည် ဖြစ်ပါသည်။  အမေရိကန်နိုင်ငံတွင်  Mobile payment  ကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေနိုင်ပါသည်။ မြို့နှင့် အလှမ်းဝေးသော နေရာများတွင် လူအများ နေထိုင်ကြသည်။ Offer များ၊ Credit/debit card များ၊ Reward များကို Mobile payment စနစ်တွင် ဆောင်ရွက်နိုင်ပါမည်။  Mobile payment ကို ဆောင်ရွက်ပါက ကတ်တစ်ခုကိုသာ အသုံးပြုနိုင်ပြီး တခြားသော အပိုကတ်များကို သုံးရန် မလွယ်ကူပါ။ Smart Payment သည် နေရာဒေသပေါ်တွင် လိုက်ပြီးဆောင်ရွက်ရသော Smart application တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထို Smart Payment သည် သတ်မှတ်ရာ ဒေသအတွင်းတွင် ရရှိနိုင်သော လျှော့ဈေးနှင့် ရောင်းချမှု  deal များ၊ ဝယ်သူအပေါ် ပြန်လည်ဂုဏ်ပြုသော Reward များသည် Application ၏ ရှေ့တန်းမှ ပါဝင်မည်ဖြစ်ပြီး Mobile Payment  စနစ် အသုံးပြုကာ ဈေးဝယ်ယူနိုင်မည် ဖြစ်သည်။

စိတ်ချ လုံခြုံရသော Payment စနစ် ပေါ်ထွက်လာစေရန် ဆောင်ရွက်ရန်အချက်များ Google Wallet ၏ Mobile payment စီးပွားရေးကို အထောက်အကူ ဖြစ်စေရန် ပြုပြင်ရန် အချက် (၁၂) ခုကို တင်ပြထားပါသည်။

၁။ Mobile အသုံးပြုသူများအား ဝယ်ယူပြီးပါက မည်မျှ Reward point များ ကျန်သည် ဖော်ပြနိုင်သော စနစ် ဖြစ်သင့်ပါသည်။

၂။ Mobile payment transaction များ၏ အနှစ်ချုပ်ကို မှန်ကန်သော နည်းလမ်းများဖြင့် ဖော်ပြပေးရန် လိုလားပါသည်။ ဝယ်ယူမှုများ ပြီးဆုံးသွားပြီးနောက် မည်သည့် Reward များ ထပ်ရသည်ကို အသုံးပြုသူကို သိရန် သတိပေး Alert  များ ပေးပို့ရန် လိုပါမည်။

၃။ Mobile အသုံးပြု Payment ဆောင်ရွက်မှု ပြုသူများကို POS မှ ရသော cash/credit များကို Reward point အနေဖြင့် ပေါင်းထည့်ရန် လိုပါသည်

၎။ Customer များအတွက် ပေးဆောင်ခဲ့သော စရိတ်၊ ကျသင့်ငွေများကို ခေါင်းစဉ်အလိုက် အသေးစိတ် အခြေအနေများကို ပေးနိုင်ရန် လိုပါသည်။

၅။ Mobile အသုံးပြုသူများအား လုံလောက်သော ငွေကြေးရှိ၊မရှိကို သတိပေးချက်များကို ထုတ်လွှင့်ပေးနိုင် ရန် လိုပါသည်။ အကယ်၍ Mobile အသုံးပြု ဝယ်ယူသူသည် ပိုမိုပြီး ထုတ်ယူမှုများ ပြုလုပ်လာနိုင် သည်။ သေချာစွာ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါမည်။

၆။ Mobile payment ပြုလုပ်သူတွင် Credit နှင့် Debit card များ တစ်ခုထက် ပိုမို ကိုင်ဆောင်ထားနိုင်ဖွယ် ရှိသည်။ မည်သည့်ကတ်မှ ထုတ်ယူမည်ကို တိကျစွာ ကြေညာရန် လိုလာမည်။ သို့မှသာ အများဆုံး ထုတ်ယူနိုင်သော ပမာဏကို သိရှိပြီး ထပ်မံပေါင်းထည့်ရန် ရှိသည်များနှင့် အတိုးနှုန်း Interest rate ကိုပါ ထည့်သွင်း တွက်ချက်နိုင်မည် ဖြစ်သည်။  Credit card ကို ပေးလာသော ကူပွန်များသည် Payment တွင် ထည့်ပေါင်းရန် လိုအပ်ပါလိမ့်မည်။

၇။ ကူပွန်ငွေပေးချေမှုတွင် ဝယ်ယူခဲ့သော စတိုးဆိုင်၊ နေရာနှင့် မည်မျှအသုံးပြုခဲ့ကြောင်းကို တိကျသော အသုံးခေါင်းစဉ်တပ်ကာ စာရင်းပြုစုနိုင်သော စနစ်တစ်ခု ဖြစ်လာရန် လိုလာလိမ့်မည်။

၈။ ထိုဝယ်ယူမှု စာရင်းများအရ ဝယ်ယူသူ Customer အတွက် ပြန်လည်သတိရပြီး မည်သည့်ပစ္စည်းများ အား ဝယ်ယူခဲ့ကြောင်း သိရှိစေရန် အကြောင်းကြားနိုင်သော စနစ်တစ်ခု ဖြစ်ပါသည်။

၉။ ဝယ်ယူခဲ့သော ဆိုင်၏လိပ်စာနှင့် အချိန်များအရ နေ့တစ်နေ့၏ လူမှုရေးဆောင်ရွက်မှုများနှင့် ဈေး ဝယ်ခြင်း အတွေ့အကြုံကို တိုးတက်စေပါသည်။

၁၀။ ယခင် ဝယ်ယူမှု မှတ်တမ်းများအရ မည်သည့်ပစ္စည်းများကို ဝယ်ယူပြီးကြောင်းနှင့် သယ်ယူ ပို့ဆောင်ပေးနိုင်မည့် ဝန်ဆောင်မှု အစီအစဉ်များကို သိရှိကာ ကုန်သည်များနှင့် ရောင်းဝယ်မှုကို ပိုမိုနီးကပ်စွာ ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။

၁၁။ ဆိုင်များမှ ရရှိလာသော ဈေးဝယ်ယူရေး အထောက်အကူပြု Coupon များသည် ဝယ်ယူခဲ့သော Point of Sale ကို ဆောင်ရွက်ပေးသော ဆိုင်နာမည်များကို သတိရကာ နောက်တစ်ကြိမ် ဝယ်ယူရန် အလားအလာကောင်းများကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်ပါသည်။

၁၂။ အကယ်၍ ဘဏ်မှ Mobile payment ဝယ်ယူခဲ့သောသူ၏ ဘဏ်စာရင်းကို ထိန်းသိမ်းထားပါက အ ချိန်နှင့်အမျှ ဘဏ်၏ အတိုးနှုန်းသည်လည်း မြင့်တက်လာနိုင်သည်။ STP (Straight through processing) ဟုခေါ်သော စနစ်တစ်ခု ဖြစ်ပါသည်။ သို့သော် Mobile Payment ဆောင်ရွက်နေသော Customer အား မည်မျှအတိုင်းအတာ ပေးဆောင်ရမည်ကို အသိပေးရန် လိုအပ်လာမည် ဖြစ်သည်။

အထက်ပါအချက်များကို ဆောင်ရွက်နိုင်ပါက Google Wallet သည် Smart payment  ဖြစ် လာနိုင်မည် ဖြစ်သည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page