လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Serif Drawplus X5 Software

Posted by Unknown Tuesday, November 13, 2012 0 comments

 
Serif က ထုတ်တဲ့ ဆော့ဖ်ဝဲတွေ မြန်မာပြည်ထဲဝင်လာတာ ၅ နှစ်လောက်ရှိပါပြီ။  Page plus ဆို တဲ့ ဆော့ဖ်ဝဲမှာ ကျွန်တော်စပြီး သတိထားမိပါတယ်။ စမ်းပြီးသုံးကြည့်တယ်။ Layout ချတဲ့နေရာမှာ Page Maker နဲ့ Indesign ကို မမီဘူး။ စာစီစာရိုက်ရတဲ့ အလုပ် ရှင်းလင်းလွယ်ကူမှုမှာ  Word ကို မမီဘူး။ ဒါပေမဲ့ စာနဲ့ပုံတွေကို ရောသမမွှေပြီး ဒီဇိုင်းလုပ်တဲ့ နေရာမှာတော့ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ Tools တွေလည်းစုံတယ်။ ၂၀၁၀ ခုနှစ်ထဲမှာ Serif ဟာ Photo plus, Movieplus, Webplus စတဲ့ ဆော့ဖ်ဝဲတွေထပ်ပြီး ထုတ်လုပ်လာပါတယ်။ Adobe ရဲ့ ဝါးမျိုခြင်းခံလိုက်ရတဲ့ Macromedia အုပ်စု ကွယ်ပျောက်သွားပြီး နောက်ပိုင်း ချီးကျူးလောက်တဲ့ ဆော့ဖ်ဝဲထုတ်လုပ်သူ ဖြစ်လာပါတယ်။ တဖြည်းဖြည်း အရည်အသွေး တိုးတက်လာတဲ့ Serif ဆော့ဖ်ဝဲတွေကို Netguide စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကဆော့ဖ်ဝဲဆိုင်တွေမှာ ဝယ်လို့ရနေတဲ့ဟာတွေကိုပဲ ရွေးပြီးပြောမှာပါ။

Serif Drawplus X5

Window XP မှာရော 7 မှာပါ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ RAM 512 Mb (မည်သည့် အမျိုးအစားမဆို) နဲ့ Hard disk space 820 Mb လိုအပ်ပါတယ်။ သူက Adobe ရဲ့  illustrator လို ပုံဆွဲတဲ့ ဆော့ဖ်ဝဲပါ။ ဒါပေမဲ့ ဓာတ်ပုံနဲ့ graphic တွေ vector တစ်ကြောင်း ဆွဲပုံတွေကို ရောမွှေပြီး ဒီဇိုင်းတွေ ဖန်တီးနိုင်ပါတယ်။ အရင် Version တွေထက်စာရင် ဒီဇိုင်းဖွဲ့စည်းရတာ ပိုမြန်လာပြီး ဖွဲ့စည်းမှုစနစ်ကလည်း ပိုပြီး ဆွဲဆောင်မှု ရှိလာပါတယ်။ Drawing Engine ကလည်း ဒီနေ့ခေတ် Multicore Processor သုံးတဲ့ Windows ရဲ့အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ ဒီဇိုင်းဆွဲတဲ့ အလုပ်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် မလုပ်ချင်ဘူးဆိုရင် Startup Wizard ကိုသုံးနိုင်တယ်။ Wizard ထဲမှာ Project အမျိုးအစား အများကြီးပေးထားလို့ ကိုယ့်စိတ်ကြိုက် ရွေးနိုင်ပါတယ်။ Print document, drawing, stop motion, Key frame Animation စတာတွေ ရွေးချယ်နိုင်တဲ့ အမျိုးအ စားတွေ ဖြစ်ပါတယ်။ ပြုလုပ်ပြီးသား Project ကို PDF Flash တွေအဖြစ် တခြားဆော့ဖ်ဝဲထဲ Export လုပ်နိုင်ပါတယ်။ Print mode မှာ ထူးခြားလာတာက စာအုပ်နဲ့ ခေါက်ထားတဲ့ (Folder document) တွေကို preview ကြည့်နိုင် တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ Draw Plus ရဲ့ အထူးခြားဆုံး တိုးတက်ပြောင်းလဲမှုက CMYK အလုပ်လုပ်လာနိုင်တဲ့ အချက်ပါ။ Vinyl Printing နဲ့ အလုပ်လုပ်တဲ့အခါ ကျွန်တော်တို့ CMYK မလွဲမသွေ အလုပ်လုပ်ရတာမို့ ဒီအချက်က အရေးကြီးပါတယ်။ Draw plus ထဲက Toolsae ရာမှာ ဘယ်ကလစ်နှိပ်ပါ။ Color management ထဲဝင်ပြီး Primary colour အနေနဲ့ CMYK ရွေးပါ။ အရောင်လေးရောင် ခွဲထားတဲ့ CMYK Channel တွေနဲ့ အလုပ်လုပ်နိုင်ပါမယ်။  Print မလုပ်မီမှာ အရောင်မှန်ကို ကြိုပြီးတွေ့နိုင်တဲ့အတွက် အပြီးသတ်ချိန်မှာ တိကျတဲ့အရောင်ကို ရရှိပါမယ်။ Drawplusရဲ့ အားသာချက်က RGB mode မှာပဲထားထား CMYK mode မှာပဲထားထား ICC (International Color Consorticurn) Profile အမျိုးမျိုးနဲ့ သိမ်း ဆည်းနိုင်တာပဲ ဖြစ်ပါတယ်။ Shape builder tool ကတော့ shape တွေ (ဥပမာ-ကြယ်ပုံ၊ စက်ဝိုင်းပုံ) ကို ရောပေါင်းပြီး ရှုပ်ထွေးတဲ့ဒီဇိုင်းတွေ ဖန်တီးနိုင်စေပါတယ်။ shape တွေ တစ်ခုနဲ့တစ်ခု ရောပေါင်းဖို့က drag and drop နဲ့ အလွယ်တကူ လုပ်နိုင်ပါတယ်။ နေရာအထိုင်ချတာကို ကျေနပ်ပြီဆိုရင် ကလစ်တစ်ချက်နှိပ်ရုံနဲ့ Shape နှစ်ခုကို ရောပေါင်းပစ်နိုင်ပါတယ်။ ပုံရိပ်နဲ့ Shape တွေကို ထပ်ယူတဲ့ ဒီနည်းလမ်းဟာ မြန်တယ်၊ လွယ်တယ်၊ ထိရောက်မှုလည်း ရှိပါတယ်။

Drawing mode ဟာ Object တွေ အများကြီးကို ထပ်ယူပြီး effect အမျိုးမျိုးထည့်သွင်းကာ ပုံရိပ်အသစ်တွေ ဖန်တီးနိုင်စေပါတယ်။ မူလရှိပြီးသား Object တစ်ခုရဲ့ ရှေ့မှာဖြစ်ဖြစ် နောက်မှာဖြစ်ဖြစ် အတွင်းမှာ ငုံပြီးဖြစ်ဖြစ် ပုံရိပ်အသစ်တစ်ခုကို ရေးဆွဲနိုင်ပါတယ်။  Arrange tab အောက်မှာရှိတဲ့ Depth Slidderကို ဆွဲပေးရုံနဲ့ Object တွေရဲ့ တည်နေရာကိုပြန်ပြီး အစီအစဉ်ချနိုင်ပါတယ်။ ထပ်ယူထားတဲ့ ပုံတွေအကြားမှာရှိရမဲ့ Transparency နဲ့ Color setting တွေကို အလွယ်တကူပြင်နိုင်စေမယ့် feature တွေလည်း ပေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Draw Plus ထဲမှာ Instant 3D Conversion tool ထည့်ပေးထားတာပါ။ 3D ပုံရိပ်အတွက် Transparency effect တွေကိုလည်း palette ကနေအလွယ်တကူ ယူသုံးနိုင်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ဒီဆော့ဖ်ဝဲဟာ အလုပ်လုပ်ရတာ မြန်ပါတယ်။ အခြေအနေ အမျိုးမျိုးမှာ ဒီထက်ပိုကောင်းတဲ့ ပုံရိပ်တွေ ထုတ်ပေးနိုင်မယ်ဆိုရင် ထိပ်တန်းရောက် လာမဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ Serif Webplus starter Edition ဆိုင်မှာ ငါးရာပေးပြီးဝယ်ရင် Web Plus Pro ရနိုင်ပါတယ်။ ဒါပေမဲ့ တရားဝင် အခမဲ့ ဆော့ဖ်ဝဲတွေကို စမ်းပြီး သုံးစေချင်တာကြောင့် ဒီဆော့ဖ်ဝဲအကြောင်း ပြောတာပါ။

Webplus Starter Edition ကို Windows XP က Win 7 အထိ သုံးနိုင်ပါတယ်။ RAM 512 (မည်သည့် အမျိုး အစားမဆို) နဲ့ Harddisk space 100 Mb လိုပါတယ်။  Screen resolution 1024x600 လိုအပ်တယ်ဆိုပေမဲ့ ဒီနေ့ခေတ် မော်နီတာတွေက အဲဒီထက်အများကြီးသာပါတယ်။ Web page ဖန်တီးပြီးရင် Browser ပေါ် ခေါ်တင်ပြီးကြည့်ရမှာမို့ Internet Explorer 6.0 ကနေ အထက်လိုပါတယ်။ tinyurl.com/ 3 motd 7r ကနေ download ဆွဲပြီး အခမဲ့သုံးလို့ရနိုင်ပေမယ့် အချိန်ကြာပါလိမ့်မယ်။ အခမဲ့ Starter Edition ဆိုပေမဲ့ လုပ်နည်းလုပ်ငန်းတွေကို နားလည်အောင်စာသားနဲ့ ပြည့်ပြည့်စုံစုံ ရှင်းပြတဲ့အပြင် template တွေလည်း အတော်များများ ပေးထားပါတယ်။ Web designer လောင်းလျာတို့အတွက် blank page uae Web page ဘဝကို အချိန်တိုတိုအတွင်း ကူးပြောင်းနိုင်ပါလိမ့်မယ်။

ဆော့ဖ်ဝဲကို Install လုပ်ပြီးတဲ့အခါ Program Window ထဲမှာ Blank page နဲ့အတူ အလုပ်လုပ်ရာမှာ အသုံးပြုဖို့ pane (၅)ခု ပေးထားပါတယ်။ ဘယ်ဘက်ဆုံး Pane မှာ tutorial တွေရှိမယ်။ Page Style နဲ့ font အရွေးတဲ့ နေရာတွေရှိမယ်။ သူတို့တတွေရဲ့ အောက်ဘက်က Pane မှာတော့ navigation bar, gallery နဲ့ media အတွက်ခလုတ်တွေပေါင်း ထည့်နိုင်ပါတယ်။ ညာဘက်က Pane မှာတော့ Site Structure နဲ့ Color ကို ရွေးချယ်နိုင်တဲ့ နေရာတွေ ရှိပါတယ်။ လုပ်ငန်းကို အလွယ်နဲ့စနိုင်ဖို့ Serif ရဲ့ Libraryuae template တစ်ခုခုကို ရွေးပေးနိုင်ပါတယ်။  Startup Wizard က Page Layout နဲ့ Style အမျိုးမျိုးရွေးချယ်နိုင်ဖို့ အခွင့်အရေးပေးပါမယ်။ Colour Scherne ရွေးချယ်ပိုင်ခွင့်ကလည်း လိုတာထက်တောင် ပိုနေပါသေးတယ်။ Page တစ်ခုကိုရွေးပြီးရင် Content တွေထည့်၊ အဲဒီနောက်မှာ Edit လုပ် .... Webpage တစ်ခုရမယ့် လုပ်ငန်းစဉ်က အဲဒီလောက်ထိ လွယ်ပါတယ်။ Edit လုပ်တယ်ဆိုတာကလည်း Adobe ရဲ့  Indesign မှာ Edit လုပ်တာထက် ပိုမခက်ပါဘူး။

အခမဲ့ Edition ဖြစ်တဲ့အတွက် သူ့မှာပေးထားတဲ့ template အရေအတွက်က Pro မှာထက် နည်းတဲ့အပြင် သူ့ Website ကနေ အပိုဆောင်း template တွေထပ်ယူလို့ မရပါဘူး။ ပြီးတော့ ဆော့ဖ်ဝဲထဲမှာ ecommerce Tool (အရောင်းအဝယ်ကိစ္စအတွက် တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ Link လိုဟာ မျိုးတွေ) ပေးမထားပါဘူး။ ဆော့ဖ်ဝဲဟာ Webpage ဖန်တီးရုံသက်သက်မို့ hosting service တစ်ခုသီးခြားရှာရပါမယ်။ Domain name နဲ့ hosting အတွက် အခကြေးငွေပေးရပါမယ်။ ဒါမှသာ ကိုယ်ဖန်တီးထားတဲ့ Webpage ဟာ Website တစ်ခုအနေနဲ့ Online ပေါ်ရောက်လာမှာပါ။ Website တင်ဖို့ကိစ္စဟာ Pro မှာလည်း အခမဲ့မရပါဘူး။ domain name နဲ့ hosting ကိစ္စပြတ်ပြီဆိုရင် ကိုယ့် Site လိပ်စာ (URL) တစ်ခုသတ်မှတ်ပြီး Publish ဆိုတဲ့နေရာမှာ ဘယ်ကလစ်နှိပ်ရပါမယ်။ ကြားမှာ လိုအပ်တဲ့ အဆင့်တွေအတွက် တစ်ဆင့်ချင်း guide တွေနဲ့ ထိန်းပေးသွားမှာမို့ လုပ်ငန်းစဉ် ဖြောင့်ဖြူးမှာပါ။ Website စလုပ်ချင်တဲ့ beginner တွေအတွက် အလွန်သင့်တော်တဲ့ ဆော့ဖ်ဝဲဖြစ်ပြီး ကျွမ်းကျင်လာရင် Pro ဆော့ဖ်ဝဲ တက်သုံးနိုင်ပါတယ်။ Online Payment စနစ်ကြားခံတွေနဲ့ ဆက်သွယ်လုပ်ကိုင်ရင်သာမန် Website တစ်ခုအွန်လိုင်းမှာ တစ်လပျမ်းမျှ လွှင့်တင်ခလည်း ငါးထောင်လောက်ပဲ ရှိပါတယ်။ (တစ်လတည်း လုပ်လို့တော့ မရဘူးပေါ့) နည်းနည်း ဝိတ်လျှော့ထားတာက လွဲရင်သူ့ရဲ့ လုပ်နည်းလုပ်ဟန်က Webplus pro နဲ့ အတော်ဆင်တာမို့ တစ်ခုသုံးတတ်ရင် နောက်တစ်ခုလည်း လွယ်လွယ်သုံးတတ်မှာပါ။

နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page