သင့်ရဲ့ Web Browser Firefox ကို ဘယ်လိုမြန်အောင် ပြုပြင်မလဲ
Wednesday, November 14, 2012
0
comments

Web Browser တွေဟာ Internet ထဲကို ဝင်ရောက်ဖို့အတွက် တံခါးပေါက်များ
ဖြစ်ပါတယ်။ ဒီလို တံခါးပေါက်တွေနဲ့ ဆင်တူတဲ့ Web Browser တွေဟာ
အချိန်တိုအတွင်းမှာ လိုရင်းနေရာတွေ ကို ရောက်ရှိနိုင်ဖို့အတွက် မြန်ဆန်မှုတွေ
လိုအပ်ပါတယ်။ ဒီတစ်ပတ်ရဲ့ Ten Things ကိုတော့ လူသုံးများတဲ့ Firefox Web
Browser ကို ဘယ်လို မြန်ဆန်အောင် အသုံးပြုနိုင်မယ် ဆိုတာကို ဖော်ပြပေးမှာ
ဖြစ်ပါတယ်။
1. Extentions တွေကို လျှော့ချပါ။
Extentions တွေဟာ Firefox အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခု
ဖြစ်ပါတယ်။ Firefox ရဲ့ လူကြိုက်များရတဲ့ ကိစ္စရပ်တွေထဲမှာလည်း Extentions
တွေဟာ အဓိက အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါပဲ Firefox ရဲ့ Startup
Time ကို ကြာမြင့်စေတာဟာလည်း Extentions တွေကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်မို့ အသုံးနည်းတဲ့ Extentions တွေကို Disable ပြုလုပ်ခြင်းဖြင့်
လည်းကောင်း၊ အသုံးမပြုဖြစ်တဲ့ Extentions တွေကို Remove ပြုလုပ်ခြင်းဖြင့်
သင့် Firefox Startup Time ကို တိုတောင်းစေမှာ ဖြစ်ပါတယ်။
2. Browsing History များကို ရှင်းလင်းပါ။
Browsing History တွေဟာ Browser များအတွက် လေးလံစေတဲ့
အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ Browser တစ်ကြိမ်
အဖွင့်အပိတ်လုပ်တိုင်း History Clear ပြုလုပ်စရာ မလိုအပ်ပေမယ့် Shut Down
ချပြီးချိန်တွေမှာတော့ ပြုလုပ်ထားသင့်ပါတယ်။ တချို့သော Link များဟာ Browser
Connect တွေ ရှိတဲ့အတွက် လေးလံမှုကို ဖြစ်စေနိုင်ပါတယ်။
3. Tab တွေ အများကြီး ဖွင့်တာကို လျှော့ချပါ။
တချို့သော သုံးစွဲသူများဟာ Browser တွေကို Tab အများကြီးနဲ့ သုံးကြတာကို
တွေ့ရပါတယ်။ Tab တွေဟာ Web Browsing မှာ များစွာ အထောက်အကူ ပြုပေမယ့်၊ Tab
အရေအတွက် များလာတာနဲ့အမျှ Browser ရဲ့ လေးလံနှေးကွေးမှုဟာလည်း သိသာလာပါတယ်။
Tab တစ်ခုချင်းစီမှာ အသုံးပြုထားတဲ့ Feature ဟာ Browser တစ်ခုလုံး အပေါ်မှာ
သက်ရောက်တဲ့အတွက် Loading Time ပါ ကြာမြင့် သွားတတ်ပါတယ်။
4. Browser Page Load ကို မြှင့်တင်ပါ။
Browser ရဲ့ Page Load Time ဟာလည်း Browser တစ်ခုအတွက် အရေးပါတဲ့
အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ Browser Page Load ကို ပြင်ဆင်ဖို့အတွက်တော့
Browser ရဲ့ Address Bar မှာ about:config လို့ ရိုက်ထည့်ရမှာ ဖြစ်ပြီး၊
Browser Configer Setting ထဲကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
browser.bookmarks.max.backups ရဲ့ Value ကို 10(or)11 အဖြစ် ပြင်ပေးရမှာ
ဖြစ်ပါတယ်။ ဒါဟာ Firefox 3.5 မှာသာ ဖြစ်ပြီး၊ နောက်ဆုံး Version မှာတော့
Value ဟာ 10 ဖြစ်ပါတယ်။
5. Bookmarks တွေကို အစီအစဉ်တကျ ထားပါ။
Bookmarks တွေဟာ Browser တွေအတွက် အသုံးဝင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ Bookmark တွေဟာ များပြားလွန်းလာရင်လည်း မလိုအပ်တဲ့ လေးလံမှုတွေကို
ခံစားရနိုင်ပါတယ်။ အထူးသဖြင့်တော့ Software Update ပြုလုပ်ချိန်မှာ
Bookmark တွေရဲ့ အစီအစဉ် မကျနမှုဟာ အချိန်များစွာ ကုန်စေမှာ ဖြစ်ပါတယ်။
6. Firefox ကို အသုံးမပြုချိန်မှာ ပိတ်ထားပါ။
Firefox ရဲ့ သဘာဝကတော့ Loading ပြုလုပ်ချိန်မှ မဟုတ်ဘဲ
တခြားအချိန်တွေမှာ Computer ရဲ့ Memory ကို သုံးစွဲမှုပမာဏကို
မြင့်တက်စေပါတယ်။ ဒါကြောင့်မို့ အသုံးမပြုချိန်မှာ Firefox ကို
ပိတ်ထားခြင်းအားဖြင့် စတင် အသုံးပြုချိန်မှာ လေးလံနှေးကွေးမှုကို
လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
7. အသုံးမပြုတဲ့ Tools Bar တွေကို ဖြုတ်ပစ်ပါ။
Software တချို့ကို Install ပြုလုပ်ချိန်မှာ Browser မှာ ထည့်သွင်း
အသုံးပြုဖို့အတွက် Tools Bar လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒီ Tools Bar
တွေမှာလည်း Online Connect တွေ ရှိတဲ့အတွက်၊ Loading တွေ ရှိလာပါတယ်။
အသုံးပြုဖို့ လိုအပ်တဲ့ Tools Bar တွေဟာ ကိစ္စမရှိပေမယ့်၊ အသုံးမလိုတဲ့
Tools Bar တွေကိုတော့ ဖြုတ်ထားသင့်ပါတယ်။
8. စက်ရဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် မူတည်၍ Appearance ကို အသုံးပြုပါ။
Firefox ရဲ့ Appearance နဲ့ ပတ်သက်ပြီး Theme တွေက Online မှာ များစွာ
ရရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ Browser ရဲ့ လုပ်ဆောင်မှုအပိုင်းမှာ
ပိုမို လေးလံသွားတာကို တွေ့ရပါတယ်။ စက်ရဲ့ စွမ်းဆောင်ရည်
မြင့်မားနေမယ်ဆိုရင်တော့ မသိသာပေမယ့် စက်အနိမ့်တွေမှာ ထည့်သွင်း
အသုံးပြုမယ်ဆိုရင်တော့ သိသာတဲ့ လေးလံမှုတွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
9. Update Version တိုင်းကို အသုံးပြုဖို့ စဉ်းစားပါ။
Firefox ဟာ မကြာခဏဆိုသလိုမျိုး Update Version ထွက်တဲ့ Browser
အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Online အစဉ်အမြဲ သုံးစွဲသူများအတွက် Update
ပြုလုပ်ခြင်းဟာ error မရှိပေမယ့်၊ တစ်ခါတစ်ရံ သုံးစွဲသူများအတွက် Browser
Update နဲ့အတူ Extention Update ပါ ပြုလုပ်ဖို့ လိုအပ်လာတတ်ပါတယ်။
ဒီလိုပြသနာမျိုးတွေကြောင့် Browser Crash ဖြစ်ပေါ်နိုင်ပါတယ်။
10. Firefox Browser အကြောင်းကို လေ့လာပါ။
Firefox အသုံးပြုတတ်ခြင်းဟာ လူတိုင်းနီးပါ ပြုလုပ်နိုင်တဲ့ ကိစ္စရပ်
ဖြစ်ပါတယ်။ ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ အတွက်တော့ သက်ဆိုင်ရာ Officail
Site မှ တစ်ဆင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင်တော့
about:config လိုမျိုး Setting ကို ဝင်ရောက် မပြုပြင်ချိန်အတွင်းမှာတော့
သိထားသင့်တဲ့ ကိစ္စရပ်တွေကို လေ့လာထားသင့်ပါတယ်။ မှားယွင်းတဲ့ ပြုပြင်
ပြင်ဆင်မှုတွေဟာလည်း မလိုလားအပ်တဲ့ နှေးကွေး လေးလံမှုတွေကို ကြုံတွေ့စေပါတယ်။
0 comments:
Post a Comment